ခြံစည်းရိုးပေါ် ခွထိုင်နေသူ
2 comments
Operator တွေအကြောင်း စာလေးနည်းနည်းရေးကြည့်မယ်။
ခြံစည်းရိုးမှာ ခွထိုင်နေတဲ့ ကျွန်တော်ကတော့ ထိုင်းနဲ့ မြန်မာ ဖုန်းလိုင်းတွေအကြောင်း ကောင်းကောင်းသိပါတယ်။
နယ်စပ်မှာတော့ ထိုင်းဆင်းကဒ်ရောင်းအားကို မြန်မာကဒ်မမှီပါဘူး။ ထိုင်းဆင်း ကဒ်(၁၀၀)ကုန်ရင်တောင် မြန်မာ (၁၀)ကဒ်လောက်တောင်မရောင်းရပါ။ ဘာကြောင့်လဲ? ဘာလို့လဲ?
မြန်မာတွေအများဆုံးအသုံးပြုကြတဲ့ ဖေ့ဘုတ်ဟာ အခမဲ့အသုံးပြုလို့ရအောင် ပြုလုပ်ပေးထားပါတယ်။ အခမဲ့ရရှိဖို့ကလည်း နိုင်ငံအပေါ်မူတည်ပါသေးတယ်။ ဥပမာ 0 facebook နဲ့သုံးရင် မိမိဖုန်းဘေ ထဲက ဖျက်သွားခြင်းမရှိပဲ အခမဲ့အသုံးပြုနိုင်သလိုမျိုး ထိုင်း လိုင်းတွေက ပထမစသုံးခြင်း အခမဲ့အနေနဲ့ ဝန်ဆောင်မှုပေးလိုက်ပါတယ်။ ဒီလိုပေးလိုက်ခြင်းဟာလည်း သူတို့အတွက် နစ်နာမှုမရှိပါဘူး။ အကြောင်းမှာ ဖေ့ဘုတ်ကိုက အခမဲ့အသုံးပြုခွင့်ပေးထားလို့ပါ။
မြန်မာလိုင်းတွေမှာတော့ ဒီဝန်ဆောင်မှုမပေးထားပါဘူး။ အရင်က MPT, Telenor ကဝန်ဆောင်မှုပေးလိုက်ပါသေးတယ်။ နောက်တော့မပေးတော့ဘူး။ အခမဲ့ဝန်ဆောင်မှုတွေ မြန်မာမှာမရှိတော့ ထိုင်းကရှိနေတယ်လေ။ မြန်မာတွေဆိုတော့ သိတဲ့အတိုင်းပဲ တစ်လဝယ် တစ်လပြည့် လွှတ်ပစ် အသစ်ထပ်ထည့်လုပ်လိုက်ကြတာ။ ဆင်းကဒ်ရောင်းအားကိုတော့ ထိုင်းကိုမှီဖို့ (၁၀)ဆလိုက် ကွာနေပါတယ်။
တစ်လစာ ကျပ် (၂၅၀၀)ပဲကုန်ပြီး စိတ်ကြိုက်အသုံးပြုလို့ရတဲ့ ဖေ့ဘုတ်အတွက် မြန်မာကဒ်တွေနဲ့ မသုံးကြပါဘူးလေ။
Comments