New to Busy?

အဆင့် ၁၀ ကို ရောက်သွားပြီ

1 comment

mmunited
66
25 days ago


Production

ထုတ်လုပ်မှု ပိုင်းမှာတော့ ဂြိုဟ် အလုံး ၇၀ နဲ့ အဆင့် ၁၀ ကို ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ မှန်းဆ ထားပြီးသားပဲ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေရဲ့ ဂြိုဟ်ပိုင်ဆိုင်မှုတွေက အရမ်းကို များပါတယ်။ တစ်ချို့တွေ ဆို အလုံး ၁၀၀ ကျော်နေပါပြီ။ အများဆုံး ပိုင်ဆိုင်နိုင်တာက ဂြိဟ် အလုံး ၁၀၀ ပဲ ဖြစ်ပါတယ် ` ဒါကို ၁၀၀ ကျော်တောင်မှ ပိုင်တယ်ဆိုတော့ အံ့သြစရာပါပဲ။


Fleet

ယာဉ် ပိုင်ဆိုင်မှုမှာတော့ ၁၃၄၂၇ စီးနဲ့ နံပါတ် ၆ နေရာမှာ ရောက်နေခဲ့ပါပြီ။ ဒါကတော့ တဖြည်းဖြည်းနဲ့ တက်သွားမယ်လို့ ထင်ပါတယ်။ အခြားသူတွေက ယာဉ်တွေ လိုက်ထုတ်လာနိုင်ရင်တော့ အဆင့်ကျသွားမှာ ဖြစ်ပါတယ်။


Destroyed ships

ယာဉ်တွေကို ဖျက်ဆီးထားနိုင်မှုကတော့ အဆင့် ၈ နေရာမှာ ရှိနေခဲ့ပါတယ်။ ၁၀၄၆ စီး ဖျက်ဆီးခဲ့ပြီးပြီ ဖြစ်ပါတယ်။


Meta skill level

ဒါကလဲ အဆင့် ၈ ပဲ ဖြစ်ပါတယ်။ ယာဉ်ပိုင်ဆိုင်မှု တစ်ခုပဲ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။ ကျန်တာတွေကတော့ အဆင့် ၈ အဆင့် ၁၀ စတဲ့နေရာတွေမှာပဲ ရှိနေပါတယ်။


Explorations

ဂြိုဟ် ရှာဖွေမှု လုပ်ထားတဲ့ အကြီမ် အရေအတွက်ကတော့ 2585 ကြီမ်နဲ့ အဆင့် ၃၃ နေရာမှာ ရှိနေပါတယ်။ ဂြိုဟ်ရှာရမှာ အတော်ပျင်းဟန်တူပါတယ်။ နောက်တစ်ခုကတော့ Exp II တွေ သုံးပြီး ဂြိုဟ် ရှာတာကလဲ ဂြိုဟ် ရှာတဲ့ အကြီမ် အရေအတွက် ကို နည်းသွားစေပါတယ်။ ကဲ့ သုံးသပ်ချက်ကတော့ ပြီးသွားပါပြီ။ ကံကောင်းကြပါစေဗျာ။ အောက်တိုဘာလ တစ်ရက်နေ့ကျရင်တော့ ယူနီကုဒ်နဲ့ ပိုစ့်တင်တာ မြင်ချင်ပါသေးတယ် စတီးမစ်က မိတ်ဆွေတို့ရေ။



Posted from my blog with SteemPress : https://steemhosting.com/?p=56

Comments

Sort byBest