New to Busy?

အပျင်းတစ်ရက်

1 comment

bobokyaw
71
28 days ago


https://nextcolony.io

ဒီနေ့ကတော့ တကယ့်ကို ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ နေ့တစ်ရက်ပါဘဲ မနက်ကတည်းက နှင်းမိုးလေးတွေ တဖွဲဖွဲနဲ့ ကောင်းကင်တစ်ခုလုံး အုံ့မှီုင်းလို့နေပါတယ် နေရောင်လုံးဝ မမြင်ရတဲ့နေ့တစ်ရက်ပါဘဲ ဒီကြားထဲ အေးစိမ့်စိမ့် လေရူးတွေကလည်း တဖြူးဖြူး တိုက်လို့နေပြန်ပါသေးတယ် အင်မတန်မှအေးပြီး လူလည်းမလှုပ်ချင်လောက်အောင်ကို အပျင်းထူလာမိပါတယ် ရာသီဥတုက ဟိုလူတွေအကြိုက်ပါဘဲ အေးအေးချမ်းချမ်းနဲ့ ဇိမ်ယူလို့ အင်မတန်မှ ကောင်းတယ်လို့ ပြောကြပါတယ် ကိုယ့်အတွက်ကတော့ ဒီနေ့ဟာ အင်မတန်မှ ပျင်းရိဖွယ်ကောင်းလို့နေပါတယ် ဘာမှကို မလုပ်ချင်တော့ဘူးလေ

အခုညပိုင်းရောက်တဲ့အထိကို အေးစိမ့်တဲ့ လေတွေက တိုက်နေတုန်းပါဘဲ အနွေးထည်တွေ ထူထူထဲထဲထပ်ပြီး ခြေစွပ်ခေါင်းစွမ်တွေတောင် စွပ်လို့ထားရပါသေးတယ် အအေးမကြိုက်တဲ့ကိုယ့်အတွက်က တကယ့်ကို အနေရခက်စေပါပြီ ဆောင်တွင်းများရောက်လို့သွားပြီလား ထင်မှတ်မှားရပါသေးတယ် အခါတိုင်းဆို မိုးတဗျင်းဗျင်းရွာလည်း အနွေးထည်တွေဘာတွေ ထပ်စရာမလိုပါ အခုတော့ မိုးမရွာဘဲ နှင်းမိုးလေးလောက်ကျနေတာကို အေးချက်က ရက်စက်ပါဘိ ခုလို အေးအေးနဲ့ စောစောလေး အိပ်လိုက်တော့မယ် စိတ်ကူးပေမယ့် လုပ်စရာတွေက ကျန်နေပါသေးတယ် အော်.........စတီးမစ် စတီးမစ် ဒါလည်း ကျိန်စာတစ်မျိုးဘဲထင်မိပါတယ်

နောက်များမကြာခင်ကာလတစ်ခုမှာတော့ စတီးမစ်နဲ့ အနေဝေးစရာအကြောင်းဖန်တီးလို့ လာနိုင်ပါတယ် ဒီအတွက် အရင်က စိတ်ပူသောကပွားလို့ အပူတွေး တွေးခဲ့မိသေးတယ် တကယ်ကောခွဲနိုင်လို့လားပေါ့ အခုတော့ အဆင်ပြေမယ်ထင်တာဘဲ စတီးမစ်မသုံးရမယ့် ရက်တွေ များလာနိုင်တယ် လုံးဝမသုံးနိုင်တော့တာတွေလည်းဖြစ်လာနိုင်တယ် အခုတော့ သိပ်လွမ်းစရာမကျန်တော့ပါဘူး လုပ်လက်စ အချို့အလုပ်လေးတွေ လောက်ပါဘဲ အဲ့ဒါလေးတွေ ပြီးရင်တော့ ကျန်တာမေ့လိုက်လို့ရပါပြီ အစွဲအလမ်းတစ်ခုကို အစွဲအလမ်းတစ်ခုနဲ့ အစားထိုးဖြတ်တောက်ရပါတော့မယ် မခွဲခင်အချိန်လေ ခဏဖြစ်ဖြစ် ဈေးလေးတက်ပေးပါ စတီးမစ်ရေ......... ဟာ........ ဟိုသီချင်းသတိရသွားတယ် တော်ပြီဒီနေ့ တကယ်ကိုပျင်းနေတာ ဘာမှ မလုပ်ချင်တော့ဘူး အိပ်တော့မယ်

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/22/%e1%80%a1%e1%80%95%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%85%e1%80%b9%e1%80%9b%e1%80%80%e1%80%b9/

Comments

Sort byBest