New to Busy?

My wishes (@aggamun)

0 comments

aggamun
62
26 days ago2 min read

အခုဆိုရင် ကိုးလပိုင်းရဲ့ လတစ်ဝက် ကျော်၍ လကုန်ခါနီးဆီသို့ တရွေ့ရွေ့ ချဉ်းကပ် လာပါပြီ။ စတီးမစ် ကြီးသည် အပြောင်းအလဲ တစ်ခုဆီသို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့၏ ကြိုးစားအားထုတ် မှုများသည်လည်း အောင်မြင်မှု ပန်းတိုင်ဆီသို့ တရွေ့ရွေ့ နီးကပ်လာမည်ဟု ထင်မြင်မိ ပါသည်။ သို့ရာတွင် အထက်ပါ ရွေ့လျားမှု သုံးခုစလုံး တွင် တစ်ခုသည် ပုံမှန်ရွေ့လျားနေ သည်။ တစ်ခုသည် ဖြည်းညင်းစွာ ရွေ့လျားနေသည်။ ကျန်တစ်ခုမှာမူ မရွေ့လျား သကဲ့သို့ ရွေ့လျား နေပေသည်။ 😜😜😜


Source

လောလောဆယ်တော့ NC ရဲ့ ကျေးဇူးနဲ့ ကျွန်တော်၏ စတင်း ပါဝါများ ရရှိနှုန်းသည် အနည်းငယ် များပြားလာခဲ့ ပေသည်။ NC သည် သူ့တွင် ပါဝါအပြည့် ရှိပါက တစ်ရာ ရာခိုင်နှုန်း အပြည့်ဖြင့် ဗုတ် ပေးတတ်ပါသည်။ ထိုအခါ ကျွန်တော်၏ ပို့စ်လေးတွင် ဒေါ်လာ နှစ်ကျပ် ပတ်ဝန်းကျင်ခန့် ရရှိသွား တတ်ပါသည်။ ထိုအခါ ကျွန်တော်အလွန် ပျော်ရွှင် ခဲ့ရပါသည်။ ဟိုအရင်က ဘဲဥပင် မကွဲခဲ့သော ကျွန်တော်၏ ပို့စ် များသည် ယခုအခါ တန်ဖိုးတစ်ခု ဆီသို့ ရွေ့လျားသွား သည်ကို အတိုင်းအတာ တစ်ခုထိ ကျေနပ်မိ ပါသည်။

အရင်လက တစ်လတာ ပါဝါ တစ်ရာစုမိ ဖို့ စတင်း ငါးဆယ် စိုက်ထုတ် လိုက်ရ ပါသည်။ ဒီတစ်လတော့ ပါဝါတစ်ရာ စုမိဖို့ အဲ့ဒီလောက် ပမာဏ စိုက်ထုတ်စရာ မလိုတော့ဘူး လို့ယူဆမိပါတယ်။ ကိန်းဂဏန်းအားဖြင့် ကြီးမား လာသော်လည်း တန်ဖိုး အားဖြင့် သေးငယ်လှ ပါသေးသည်။ တစ်နေ့တစ်နေ့ စတင်းတွေ အများကြီး ဝင်နေတယ်လို့ ထင်စရာ ရှိပေမဲ့ တစ်ကယ်တမ်း အနှစ်ချုပ်လိုက်တော့ ဒေါ်လာ ပြားခုနှစ်ဆယ်သာ တန်ဖိုးရှိပါတယ်။ အဲ့ဒါဟာ ကျွန်တော်စတီးမစ် ကြီးကနေ တစ်နေ့လုံး ရှာလို့ရတဲ့ လုပ်အားခ ပဲဖြစ်ပါတယ်။

ဒီလောက် ဆိုရင်တော့ ကျွန်တော်ရဲ့ ချမ်းသာကြွယ်ဝမှု တွေကို သိရှိလောက် ပြီလို့ ထင်ပါတယ်။ အရမ်းအားကိုး ချင်စရာ ကောင်းတယ်လို့ မထင်ဘူးလားဗျာ။ အခု နောက်ဆုံးအကြောင်း ကိုတော့ ပဟေဠိ ဆန်ဆန် ဆုတောင်းစကား လေးပြုလိုက်ပါတယ်။ ပုံမှန် ရွေ့လျားနေသော အရာများ ပုံမှန်သာ ရွေ့လျားနေကြကုန်။ ဖြည်းညင်းစွာ ရွေ့လျားနေသော အရာများ ပန်းတိုင်နှင့် နီးကပ်စွာ ရှိနေကြကုန်။ မရွေ့လျား သလို ရွေ့လျားနေသော အရာများ ဂျက်ပါဝါတပ် ဆင်ထားသလို ရွေ့လျားနိုင်ကြ ပါစေကုန် သတည်း။

Written by @aggamun

အခုဆိုရင္ ကိုးလပိုင္းရဲ႕ လတစ္ဝက္ ေက်ာ္၍ လကုန္ခါနီးဆီသို႔ တေ႐ြ႕ေ႐ြ႕ ခ်ဥ္းကပ္ လာပါၿပီ။ စတီးမစ္ ႀကီးသည္ အေျပာင္းအလဲ တစ္ခုဆီသို႔ ေရာက္ရွိသြားၿပီ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔၏ ႀကိဳးစားအားထုတ္ မႈမ်ားသည္လည္း ေအာင္ျမင္မႈ ပန္းတိုင္ဆီသို႔ တေ႐ြ႕ေ႐ြ႕ နီးကပ္လာမည္ဟု ထင္ျမင္မိ ပါသည္။ သို႔ရာတြင္ အထက္ပါ ေ႐ြ႕လ်ားမႈ သုံးခုစလုံး တြင္ တစ္ခုသည္ ပုံမွန္ေ႐ြ႕လ်ားေန သည္။ တစ္ခုသည္ ျဖည္းညင္းစြာ ေ႐ြ႕လ်ားေနသည္။ က်န္တစ္ခုမွာမူ မေ႐ြ႕လ်ား သကဲ့သို႔ ေ႐ြ႕လ်ား ေနေပသည္။ 😜😜😜

ေလာေလာဆယ္ေတာ့ NC ရဲ႕ ေက်းဇူးနဲ႕ ကြၽန္ေတာ္၏ စတင္း ပါဝါမ်ား ရရွိႏႈန္းသည္ အနည္းငယ္ မ်ားျပားလာခဲ့ ေပသည္။ NC သည္ သူ႕တြင္ ပါဝါအျပည့္ ရွိပါက တစ္ရာ ရာခိုင္ႏႈန္း အျပည့္ျဖင့္ ဗုတ္ ေပးတတ္ပါသည္။ ထိုအခါ ကြၽန္ေတာ္၏ ပို႔စ္ေလးတြင္ ေဒၚလာ ႏွစ္က်ပ္ ပတ္ဝန္းက်င္ခန႔္ ရရွိသြား တတ္ပါသည္။ ထိုအခါ ကြၽန္ေတာ္အလြန္ ေပ်ာ္႐ႊင္ ခဲ့ရပါသည္။ ဟိုအရင္က ဘဲဥပင္ မကြဲခဲ့ေသာ ကြၽန္ေတာ္၏ ပို႔စ္ မ်ားသည္ ယခုအခါ တန္ဖိုးတစ္ခု ဆီသို႔ ေ႐ြ႕လ်ားသြား သည္ကို အတိုင္းအတာ တစ္ခုထိ ေက်နပ္မိ ပါသည္။

အရင္လက တစ္လတာ ပါဝါ တစ္ရာစုမိ ဖို႔ စတင္း ငါးဆယ္ စိုက္ထုတ္ လိုက္ရ ပါသည္။ ဒီတစ္လေတာ့ ပါဝါတစ္ရာ စုမိဖို႔ အဲ့ဒီေလာက္ ပမာဏ စိုက္ထုတ္စရာ မလိုေတာ့ဘူး လို႔ယူဆမိပါတယ္။ ကိန္းဂဏန္းအားျဖင့္ ႀကီးမား လာေသာ္လည္း တန္ဖိုး အားျဖင့္ ေသးငယ္လွ ပါေသးသည္။ တစ္ေန႕တစ္ေန႕ စတင္းေတြ အမ်ားႀကီး ဝင္ေနတယ္လို႔ ထင္စရာ ရွိေပမဲ့ တစ္ကယ္တမ္း အႏွစ္ခ်ဳပ္လိုက္ေတာ့ ေဒၚလာ ျပားခုႏွစ္ဆယ္သာ တန္ဖိုးရွိပါတယ္။ အဲ့ဒါဟာ ကြၽန္ေတာ္စတီးမစ္ ႀကီးကေန တစ္ေန႕လုံး ရွာလို႔ရတဲ့ လုပ္အားခ ပဲျဖစ္ပါတယ္။

ဒီေလာက္ ဆိုရင္ေတာ့ ကြၽန္ေတာ္ရဲ႕ ခ်မ္းသာႂကြယ္ဝမႈ ေတြကို သိရွိေလာက္ ၿပီလို႔ ထင္ပါတယ္။ အရမ္းအားကိုး ခ်င္စရာ ေကာင္းတယ္လို႔ မထင္ဘူးလားဗ်ာ။ အခု ေနာက္ဆုံးအေၾကာင္း ကိုေတာ့ ပေဟဠိ ဆန္ဆန္ ဆုေတာင္းစကား ေလးျပဳလိုက္ပါတယ္။ ပုံမွန္ ေ႐ြ႕လ်ားေနေသာ အရာမ်ား ပုံမွန္သာ ေ႐ြ႕လ်ားေနၾကကုန္။ ျဖည္းညင္းစြာ ေ႐ြ႕လ်ားေနေသာ အရာမ်ား ပန္းတိုင္ႏွင့္ နီးကပ္စြာ ရွိေနၾကကုန္။ မေ႐ြ႕လ်ား သလို ေ႐ြ႕လ်ားေနေသာ အရာမ်ား ဂ်က္ပါဝါတပ္ ဆင္ထားသလို ေ႐ြ႕လ်ားနိုင္ၾက ပါေစကုန္ သတည္း။

Written by @aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=116

Comments

Sort byBest